Sunday, September 15, 2013

Welcome To Zo: ဝင်းကမ္ဘာကျော် {Full Version & Free Download}: WPA ...

Welcome To Zo: ဝင်းကမ္ဘာကျော် {Full Version & Free Download}: WPA ...: ဝင်းကမ္ဘာကျော် {Full Version & Free Download}: WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း : တောင်းဆိုနေကြလို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတ...

Monday, September 2, 2013

ဝင်းကမ္ဘာကျော် {Full Version & Free Download}: WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း: တောင်းဆိုနေကြလို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ် ... ကိုယ်တိုင် စမ်းသပ်မကြည့်ရသေးပါဘူး ခင်မျာ.... WPA  သို့မဟုတ် WPA2/PSK ဟက်န...

WPA သို့မဟုတ် WPA2/PSK WiFi ဟက်နည်း


တောင်းဆိုနေကြလို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ် ... ကိုယ်တိုင် စမ်းသပ်မကြည့်ရသေးပါဘူး ခင်မျာ....

WPA  သို့မဟုတ် WPA2/PSK ဟက်နည်း


ဒီနည်းကတော့ ၉၀% ရပါတယ်။
၁။ BackTrack 5 r3 ကိုလိုပါတယ်  ။  ဒေါင်းချင်ရင်  ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။   

Download  မှာ ဒေါင်းနိုင်ပါတယ်။  ISO ကို ဒါတိုက်ဒေါင်းချင်ရင် 

Download  မှာဒေါင်းနိုင်ပါတယ်။ 

၂။  WiFi adapter  ၁ ခုလိုပါတယ်။ မြန်မာပြည်မှာဆိုရင် ၁၅၀၀၀ လောက်ရှိပါတယ်။  

ပုံစံအမျိုးမျိုးရှိပါတယ်။  

ပုံစံ၁မျိုးပြပါ့မယ်။  အောက်ကပုံစံမျိုးကိုကြည့်ပါ။

၃။  bt5 ကို install လုပ်ဖို့အတွက် VMware Workstation လိုပါမယ်။ Mediafire နဲ့ဒေါင်းနိုင်ပါတယ်။ 

ဖိုင်ခွဲတင်ပေးထားပါတယ်။ Download

   ၁ဖိုင်ထဲဒေါင်းချင်ရင် ...ဒီမှာ Download ပါ...   

VMware Workstation 9.0 နောက်ဆုံး Version ကို ဒေါင်းရတာ အဆင်ပြေမဲ့ Link ကိုလည်း 

ထပ်ချိတ်ပေးထားပါတယ် ...  ဒီမှာ Download   ပြီး Keygen ကို ဒီမှာ Download 

လိုက်ပါ...။

ကဲဒေါင်းပြီးရင် bt5 သွင်းနည်း ကြည့်လိုက်ပါ။ အောက်ပါ youtube ကနေ..



    
၎။ ကဲသွင်းပြီးသွားရင်   WiFi adapter  နဲ့စက်နဲ့ချိတ်လိုက်ပါ bt5 မှာမပေါ်ရင်  အောက်ပါပုံကိုကြည့်ပါ။
ကဲဝိုင်ဖိုင်ရလားမရဘူးလား စမ်းမယ်ဗျာ   အောက်ကပုံကိုကြည့်လိုက်ပါ။
reaver-1.1 နဲ့ဟက်မှာပါ။

bt5 ကိုဖွင့်ပါ။    terminal မှာ

wget http://reaver-wps.googlecode.com/files/reaver-1.1.tar.gz

ပြီးရင်ခနစောင့်

ပြီးရင် ဖိုင်ဖြည်မယ်   tar zxvf reaver-1.1.tar.gz

ပြီးရင်     ls

ပြီးရင်    cd reaver-1.1

ပြီးရင်    ls

ပြီးရင် cd src

ပြီးရင် ./configure

ပြီးရင်  make

ပြီးရင် make install အောက်ပုံတွေကိုကြည့်လိုက်ပါ။
လုပ်ငန်းစမယ်ဗျာ

၁။ အရင်ဆုံး  terminal ၁ခုဖွင့်လိုက်ပါ   ပြီးရင် airmon-ng

ရိုက်ထည့်လိုက် ပြီးရင် airmon-ng start (interface)  ရိုက်လိုက်ပါ။

ပြီးရင် airodump-ng mon0
ပြီးရင် ကိုဟက်ချင်တဲ့  ဟာကိုကြည့်လိုက်ပါ။

BSSID    CH   ESSID အဲဒါတွေသိဖို့လိုတယ်။

 ကျနော်ဟက်ချင်တာကတော့ BSSID  28:10:7B:8C:7C:22   

CH က 3   ပါ ESSID က kira
အိုကေ ဒါဆိုစပြီနော်   

terminal  ၁ခုဖွင့်  

reaver -i mon0 -b 28:10:7B:8C:7C:22

လုပ်ပြီ ထားထားလိုက်ပါ။
ကဲပါစ်ဝက်ကျလာပြီ။
ကဲရပါပြီ  ပါစ်ဝက်ကို ရိုက်ပြီးဝင်ကြည့်လိုက်ပါ။

လုပ်နည်းကို youtube ကနေတင်ပေးလိုက်ပါတယ်။


 ဒေါင်းချင်ရင်တော့    


နည်းနည်းတော့ကြာမယ်နော် ကျနော်ဟက်တာ ၃နာရီလောက်စောင့်လိုက်ရပါတယ်။

အားလုံးအဆင်ပြေကြပါစေ။ 

===================================



1 မိနစ်အတွင်း WEP  ဝိုင်ဖိုင်ဟက်နည်း။


၁။ BackTrack 5 r3 ကိုလိုပါတယ်  ။  ဒေါင်းချင်ရင်  ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။  

Download    ဒေါင်းနိုင်ပါတယ်။  iso ကိုဒေါင်းချင်ရင် 

Download  ဒေါင်းနိုင်ပါတယ်။ 

၂။  WiFi adapter  ၁ခုလိုပါတယ်။ မြန်မာပြည်မှာဆိုရင် ၁၅၀၀၀ လောက်ရှိပါတယ်။  

ပုံစံအမျိုးမျိုးရှိပါတယ်။  

ပုံစံ၁မျိုးပြပါ့မယ်။  အောက်ကပုံစံမျိုးကိုကြည့်ပါ။
    
၃။  bt5 ကို install လုပ်ဖို့အတွက် VMware Workstation လိုပါမယ်။ mediafire နဲ့ဒေါင်းနိုင်ပါတယ်။ 

ဖိုင်ခွဲတင်ပေးထားပါတယ်။ Download

   ၁ဖိုင်ထဲဒေါင်းချင်ရင်   Download  

   ကဲဒေါင်းပြီးရင် bt5 သွင်းနည်း ကြည့်လိုက်ပါ။ အောက်ပါ youtube

     
၎။ ကဲသွင်းပြီးသွားရင်   wifi adapter  နဲ့စက်နဲ့ချိတ်လိုက်ပါ bt5 မှာမပေါရင်  အောက်ပါပုံကိုကြည့်ပါ။
ကဲဝိုင်ဖိုင်ရလားမရဘူးလား စမ်းမယ်ဗျာ   အောက်ကပုံကိုကြည့်လိုက်ပါ။
ကဲစပြီနော်   အောက်က ပုံလေးကိုကြည့်ပါ tool ယူနည်းလေးပါ။
BackTrack 5 r3   မဟုတ်ရင်  r2 ပဲဖြစ်ဖြစ် r1 ပဲဖြစ်ဖြစ် ubuntu ပဲဖြစ်ဖြစ်   terminal မှာ root@host 

နဲ့သွင်းနိုင်ပါတယ်။
ကဲဗျာ ဒါဆိုအစဉ်ပြေသွားပါပြီ ။  ကဲ နောက်ဆက်လုပ်ရမဲ့ဟာတွေကိုတော့ youtube နဲ့ကြည့်လိုက်ပါ။ 

အားလုံးအဆင်ပြေကြပါစေ။


Welcome To Zo: နည်းပညာမြို့တော်: Download Free PDF to Word Conver...

Welcome To Zo: နည်းပညာမြို့တော်: Download Free PDF to Word Conver...: နည်းပညာမြို့တော်: Download Free PDF to Word Converter : သူငယ်ချင်းတို့အတွက်အလွယ်ကူဆုံး PDF ကနေ Word ဖိုင်ပြောင်းချင်ရင်တော့ဒါလေး ဆောင်ထားလိ...

နည်းပညာမြို့တော်: Download Free PDF to Word Converter

နည်းပညာမြို့တော်: Download Free PDF to Word Converter: သူငယ်ချင်းတို့အတွက်အလွယ်ကူဆုံး PDF ကနေ Word ဖိုင်ပြောင်းချင်ရင်တော့ဒါလေး ဆောင်ထားလိုက်ပါ။ အသုံးပြုရလွယ်ကူပါတယ်။ Batch conversion of mult...

Download Free PDF to Word Converter

သူငယ်ချင်းတို့အတွက်အလွယ်ကူဆုံး PDF ကနေ Word ဖိုင်ပြောင်းချင်ရင်တော့ဒါလေး
ဆောင်ထားလိုက်ပါ။ အသုံးပြုရလွယ်ကူပါတယ်။
Batch conversion of multiple PDF documents to word files
· Retain original page layout
· Does NOT need Adobe Acrobat or free Acrobat Reader software
· Support conversion from encrypted PDF files and password protected documents

· Convert entire document or only a specific page range
· Convert PDF files into Microsoft Word and RTF formats
· Converted files can be automatically loaded immediately after conversion complete
· Support Page ranges (all, from to, individual pages)
· Create full layout Word document and text only Word document
· Convert user password and owner password protected PDF files to Word documents directly
· Simple to use, Best Quality 
                             
                                        Download  or  Download 
                                     ရန်ကုန်သား(နည်းပညာမြို့တော်)

Welcome To Zo: နည်းပညာမြို့တော်: WiFi Hack Tools with WiFi Radar

Welcome To Zo: နည်းပညာမြို့တော်: WiFi Hack Tools with WiFi Radar: နည်းပညာမြို့တော်: WiFi Hack Tools with WiFi Radar : WEP / WPA များကို Hack ချင်သူများ Free WiFi Radar & WiFi Hack Toolsလေးကို သုံးကြည့်ပ...

နည်းပညာမြို့တော်: WiFi Hack Tools with WiFi Radar

နည်းပညာမြို့တော်: WiFi Hack Tools with WiFi Radar: WEP / WPA များကို Hack ချင်သူများ Free WiFi Radar & WiFi Hack Toolsလေးကို သုံးကြည့်ပါ။ Wifi key များကိုရှာပေးနိုင်ပါတယ်။ Wifi related...

WiFi Hack Tools with WiFi Radar


WEP / WPA များကို Hack ချင်သူများ Free WiFi Radar & WiFi Hack Toolsလေးကို သုံးကြည့်ပါ။
Wifi key များကိုရှာပေးနိုင်ပါတယ်။Wifi related tools for H@Ck wireless connection and many more. Surf The World For Free WiFi Radar & WiFi Hack Tools (Snip The WiFi Soft, Brake Its Security, And Surf The Universe). Surf The Internet Freely Charged. Some of the applications included are WIFI Radar Aircrack-2.3 802.11 sniffer and WEP / WPA Key Cracker Easy to use the wifi key finder even find key 128-bit encryption .. WPA-PSK, lo que sea que usted lo encontrará. WPA-PSK, which is that you'll find.
                                               Download
                                ရန်ကုန်သား(နည်းပညာမြို့တော်)

Welcome To Zo: စိတ်ကူးပျော်ရာ: ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူ...

Welcome To Zo: စိတ်ကူးပျော်ရာ: ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူ...: စိတ်ကူးပျော်ရာ: ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ် : ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်  Tuesday, June 18, 2013...

စိတ်ကူးပျော်ရာ: ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်

စိတ်ကူးပျော်ရာ: ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်:

ဖိလစ်ပိုင်မှာ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်

http://newsinfo.inquirer.net/files/2012/09/enchanted-river.jpg
 Tuesday, June 18, 2013

ဖိလစ်ပိုင်နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။

သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေကစားသူ များပါတယ်။

ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: knoledge

ရိုးရာလေး

 
https://www.facebook.com/photo.php?fbid=431831333581370&set=a.351047714993066.7

Welcome To Zo: ရငဲသား(နည်းပညာ): Latop မှတစ်ဆင့် Wifi လွင့်ချင်သူမ...

Welcome To Zo: ရငဲသား(နည်းပညာ): Latop မှတစ်ဆင့် Wifi လွင့်ချင်သူမ...: ရငဲသား(နည်းပညာ): Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက် : Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက် အား အလင်းရောင် ရေးသားပါသည် မေ 9,...

ရငဲသား(နည်းပညာ): Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်

ရငဲသား(နည်းပညာ): Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်: Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက် အား အလင်းရောင် ရေးသားပါသည် မေ 9, 2013 at 6:09pm စာပို့ မယ်   ဘလော့လ်အားလုံးကြည့်ရန် ...

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်

                                 Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်                           

         အလင်းကမ္ဘာမှ ညီအကိုမောင်နှမများ ခင်ဗျား ကျနော် ဒဂျီးလဲ ကျန်းမာရေး အခြေနေကြောင့်တမျိုး စက်ကမကောင်းတာက
တကြောင်းနဲ့  ဆိုဒ်ထဲကို မဝင်နိုင်တာကြာသွားပြီ ဖြစ်လို့  ဆိုဒ်ထဲက ညီအကိုမောင်နှမတွေတောင် ကျနော် ဒဂျီး ကို မေ့သွားမှာစိုး
လို့  ခု စက်ကလဲ ကောင်းသွားပြီဖြစ်လို့  သတိရလွမ်းနေရတဲ့ အလင်းသား၊သူတွေစီ အပြေးရောက်လာမိတာပါ ..ဒါကြောင့် အလင်း
သား၊သူများအတွက် လက်ဆောင်လေးအဖြစ် ခုဒီ Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက် ပိုစ့်လက်ဆောင်လေးပါယူပါတယ်.
သိပြီးသားသူတွေတော့ မပါဘူးပေါ့ဗျာ မသိသေးတဲ့ အသင်းသား၊သူတွေအတွက်ပါ .ကျနော်ကိုယ်တိုင်လဲ အရင်က မသိခဲ့တာ အမှန်ပါ
ခု ဒီဆောလ့်ဝဲလ်လေးကို တွေ့လို့ စမ်းသုံးကြည့်တော့ အဆင်ပြေတယ်..ကွန်ပြူတာကနေတဆင့် နောက်တလုံး ဒါမှမဟုတ် ဖုန်းနဲ့ ချိတ်
ဆက်ပြီးလဲ သုံးလို့ ရတယ်.. လုပ်ပုံလုပ်နည်းကတော့ အောက်မှာပါ..

ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 
 
 
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Welcome To Zo: စိတ်ကူးပျော်ရာ: Social Media မှာ ဆွဲဆောင်မှု ရှိသေ...

Welcome To Zo: စိတ်ကူးပျော်ရာ: Social Media မှာ ဆွဲဆောင်မှု ရှိသေ...: စိတ်ကူးပျော်ရာ: Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖိ.. Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖို့  အွန်လိုင်းေ...

စိတ်ကူးပျော်ရာ: Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖိ...

စိတ်ကူးပျော်ရာ: Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖိ..

Social Media မှာ ဆွဲဆောင်မှု ရှိသော အရေးအသားဖြစ်ဖို့ 



အွန်လိုင်းပေါ်မှာ Article တစ်ခုအတွက် ဖြစ်ဖြစ် ၊ ဗဟုသုတ အချက်အလက်များကို ရေးသားမျှဝေဖို့ ပဲ ဖြစ်ဖြစ်.. ရေးသားပုံရေးသားနည်းဟာ အရေးကြီးပါတယ်။ မိမိရေးသားတင်ပြပုံဟာ စာဖတ်သူကို ဆွဲဆောင်နိုင်ဖို့  ယေဘုယျကျတဲ့ အချက်တွေရယ်၊ ထိထိရောက်ရောက် ဖြစ်စေတဲ့ အချက်တွေရယ် ရှိပါတယ်။ စာဖတ်သူကို ပထမ စာကြောင်း ဖတ်လိုက်တာနဲ့ .. ဆက်ဖတ်ချင်လာအောင် ဆွဲဆောင် လုပ်နိုင်ဖို့ ကလည်း အရည်အချင်းတစ်ခုပါပဲ ။

ဒီလို အရေးအသား တင်ပြပုံတွေကို ဘယ်လို ထိထိရောက်ရောက်ဖြစ်အောင် ရေးသားမယ် နဲ့ ဘယ်လို အချက်တွေနဲ့  ညီအောင် ရေးသားမယ်ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။

ပထမဆုံး ဆိုရှယ် နက်ဝေါ့ဖြစ်တဲ့ ဖေ့ဘွတ်မှာ ရေးသားတဲ့ ပုံစံမှာ … အရေးကြီးတဲ့ အချက်တွေက ..

(၁) စာလုံး အဖြတ်အတောက် ကို သတိပြုပါ။

အဓီက က လေးထောင့်ကျကျ ဘောက်စ် တစ်ခုမှာ ရေးသားတဲ့ အခါ စာလုံးအဖြတ်အတောက်နဲ့  အထားအသို ဖြစ်တဲ့ (ရရစ်) (ရပင့်) (အောက်ကမြင်)(တစ်ချောင်းငင်) စတဲ့ အရေးကြီးတဲ့ စကားလုံး အထောက်အပံ့များကို မှန်ကန်တဲ့ Keyboard မှ စာလုံးကို ရိုက်ပြီး ရေးသားတက်ရပါတယ်။

ဥပမာ။ ။ လုပ်ကိုင်နေကြသည်။ ကို
လုပ်ကိုင်နေကြသည် ။ ဆိုတာမျိုးမဖြစ်အောင် သတိပြုရပါမယ်။

စကားလုံး လေးလုံး(သို့ ) သုံးလုံးကို Space Bar တစ်ချက် ပုတ်ပြီး ရေးရမှာ ဖြစ်ပါတယ်။ကီးကွတ်တစ်ခုထဲက( ရရစ်ကြီး၊ ရရစ်ငယ် ) စာလုံးအမှန်ကို Shift ခံပြီး ထည့်ရပါမယ်။

(၂) စာလုံးပေါင်းမှန်ရပါမယ်။

ဒါကတော့ တင်ပြသူဘက်က မြန်မာစာကို မြန်မာလို ရေးတဲ့ အခါ စာလုံးပေါင်းမှားနေခဲ့ ရင် ဖတ်ရှုသူများဟာ အမှတ်လျှော့စေတဲ့ အချက်ပါပဲ ။ မှန်ကန်တဲ့ မြန်မာစကားလုံးကို သုံးပါ ။ အကယ်လို့ စကားလုံး မှားမှန်ကို ဝေခွဲမရရင်မြန်မာစာ စာလုံးပေါင်း သတ်ပုံ ကျမ်း တစ်အုပ်သာ ဆောင်ထားသင့်ပါတယ်။

မှားတက်တဲ့ ပုံစံများကတော့။ ။ ဟု ဆိုလိုခြင်း ကို …. ဟု ဆိုလိုချင်း
( စားခြင်း၊ သွားခြင်း၊လာခြင်း အပြုအမူနောက်မှာ ခြင်းကို သုံးပါတယ်။ )
ချင်းကတော့…စားတဲ့” ချင်း”ကိုပဲ သုံးပါတယ်။

လုပ်နေကျ ကို …. လုပ်နေကြ
(အမြဲ လုပ်တက်တဲ့ အလုပ်နောက်မှာ စားနေကြ၊ သွားနေကြ၊လာနေကြ …ထိုကြကို သုံးပါတယ်၊)
ကျ ဆိုတဲ့ စကားလုံးကိုတော့ စာမေးပွဲကျ ၊ အမြင့်မှ ပြုတ်ကျ

ဘဲ နဲ့  ပဲ အသုံးပြု ပုံကလည်း မှားတက်ပါတယ် ။
ငြင်းတဲ့ စကားလုံးနောက်မှာ ” ဘဲ ” ကို သုံးပါတယ် ။ မလုပ်ဘဲ..မစားဘဲ..မလာဘဲ..မနေဘဲ…။

ပဲ ကတော့.. သူပဲ..ငါပဲ .ဟိုမှာပဲ..ဒီမှာပဲ.. ။

(၃) တင်ပြလိုတဲ့ အကြောင်းအရာ ကို ကိုယ်ပိုင်အရေးအသားနဲ့ တင်ပြရပါမယ်။

အဓီက က ဘာသာပြန် ရေးသားတဲ့ သူများပါ ။ သူများရေးထားတာ တော့ ဟုတ်ပါပြီ..။ဘာသာမပြန်ခင် မကိုးကားခင် ဒါကို အရင်ဆုံးဖတ်ပါ..။ စိတ်ထဲမှာ တစ်ခုခု ကျန်သွားသည် အထိ ပြန်ဖတ်ပါ ။ ကိုယ်စိတ်ထဲမှာ ကျန်တဲ့ ပုံစံ က ကိုယ့် ကိုယ်ပိုင် အရေးအသားပါပဲ ။ ကိုယ် ဘယ်လို နားလည်သွားသလဲ ဆိုတာကို ပြန်ချဲ့ ပြီး အစဖော်ရေးသားရမှာ ဖြစ်ပါတယ် ။

ဒါပေမဲ့ သတိပြုစရာကတော့ ကိုယ်ပိုင် အရေးအသားမှာ သတင်းရေးသားတဲ့ သူတစ်ယောက် အနေနဲ့  ရေးသားခွင့်မရှိပါဘူး ။ သူက သတင်းအင်္ဂါရပ် (W) ခြောက်လုံးနဲ့ ညီအောင် ရယ် ဘက်မလိုက်ဘဲ သတင်းကို သတင်း အနေနဲ့ ပြန်ရေးရလို့ ပဲ ဖြစ်ပါတယ်။

သတင်းအင်္ဂါရပ်များ

ဘာဖြစ်တာလဲ (What)
ဘယ်သူဖြစ်တာလဲ (Who)
ဘယ်တုန်းကဖြစ်တာလဲ (When)
ဘယ်နေရာမှာဖြစ်တာလဲ (Where)
ဘာကြောင့်ဖြစ်တာလဲ (why)
ဘယ်လိုဖြစ်တာလဲ (How)

(၄) တင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ရုပ်ပုံ ပါရှိရပါမယ်။

မိမိတင်ပြတဲ့ အကြောင်းအရာဟာ တင်ပြလိုတဲ့ ဓာတ်ပုံ ပါသင့်ပါတယ်လို့  မှတ်ချက်ပြုချင်ပါတယ်။ မဂ္ဂဇင်း လို စာအုပ် တစ်အုပ်မှာ ကဗျာ ရေးတာ ပဲ ဖြစ်ဖြစ်၊ ဆောင်းပါးရေးတာပဲ ဖြစ်ဖြစ် ဘယ်နေရာမဆို လိုက်ဖက်တဲ့ ရုပ်ပုံများကို ထည့်သွင်းကြတာ စာဖတ်သူကို ဆွဲဆောင်စေဖို့  တစ်ခုတည်းသော ဖော်ညွန်းချက်အနေနဲ့  သုံးကြတာကို တွေ့ ကြမှာပါ။

သတိပြုရမှာက . မိမိတင်ပြတဲ့ စာနဲ့ လိုက်ဖက်တဲ့ ပုံတွေသာ ဖြစ်ပါစေ ။ Business အကြောင်း ဆောင်းပါးရေးရင် အလုပ်လုပ်နေတဲ့ ဆွေးနွေးနေတဲ့ ရုံးဝန်ထမ်းပုံနဲ့ လူပုံ ထည့်တာ သူတို့ ဒီစာကို ဖော်ညွန်းချင်တယ်ဆိုတာ သဘောပေါက်စေချင်လို့ ပဲ ဖြစ်ပါတယ်။ တင်ပြပုံနဲ့ မဆိုင်တဲ့ ရုပ်ပုံ ထည့်ခြင်းကတော့ မပြုသင့်ပါဘူး..။
ဥပမာ အချစ်ကဗျာတစ်ပုဒ်ကို ရေးပြီး တင်လိုက်ရင် အချစ်နဲ့ ပတ်သတ်တဲ့  Romance ပုံလေးတွေသာ ဖြစ်သင့်ပါတယ် ။မဆီမဆိုင် တင်ပြသူ မိမိရဲ့  ဖလမ်းဖလမ်းထနေတဲ့ ပုံနဲ့ တွဲပြီး တင်ပြတာတော့ မဖြစ်သင့်ပါဘူး။ အဓီက ကတော့ မိမိတင်ပြလိုတဲ့ အကြောင်းအရာ နဲ့  မဆီလျှော်တဲ့ ပုံ မဖြစ်သင့်ပါ။

(၅) တင်ပြတဲ့သူ နာမည်ပါရပါမယ်။

စာပုဒ် အဆုံးမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ပါတယ် ဆိုတာလေး ထည့်သွင့်ပေးပါ ။ ဒါ မိမိရေးထားတဲ့ ဟာဆိုပြီး အသိအမှတ်လေးတော့ ပြုခံဖို့ သင့်ပါတယ်။ ပြီးတော့ ဘယ်သူ ဘယ်ဝါ ရေးတယ်ဆိုတာ လေးထည့်ထားတော့ စာဖတ်သူများက ဘယ်သူရေးထားတဲ့ စာပါလားဆိုပြီး စိတ်ထဲ စွဲနေမယ့် အပြင် စာရေးသူတိုင်းဟာ မိမိရေးသားတဲ့အကြောင်းအရာကို မိမိတာဝန်ယူရမှာ ဖြစ်သည့်အတွက် ဖြေရှင်းချက်တွေ ဘာတွေ ရှိလာရင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။

ဥပမာ ..မိမိရေးသားမှုကို ကော်ပီကူးရေးသားမှုများ ရှိလာရင် ဖြေရှင်းနိုင်မည့် အပြင် ရေးသားသူ ဘယ်သူ ဘယ်ဝါဆိုတာ ပါတဲ့အတွက် သဘောကျတဲ့ Online Media က ဖော်ပြလိုလျှင် မိမိဆီကို တိုက်ရိုက်ဆက်သွယ်လာနိုင်တဲ့ Marketing တစ်မျိုးဖြစ်လာနိုင်ပါတယ်။

(၆) မိမိကိုယ်ပိုင်ရေးသားချက် မဟုတ်ရင် ကိုးကားချက် ( Credit ) ထည့်သွင်းရပါမယ်။

ဘာသာပြန်ရေးသားသူများ သတိထားစရာပါ ။ အွန်လိုင်းကနေ ခပ်တည်တည်ကောက်ပြီး ဘာသာပြန်လိုက်တယ် ။ နောက် ကိုယ့်နာမည်ကြီး ကောက်တပ်ပြီး မိမိရေးသည်တို့  ဘာတို့  မလုပ်သင့်ပါဘူး ။ ဘယ်ဆိုက်ကနေ ကူးယူပြီး ဖော်ပြပါတယ် ။ ကိုးကားပါတယ် ဆိုတာလေးတော့ မူရင်း တင်ပြသူကို လေးစားတဲ့အနေနဲ့ ထည့်သွင်းသင့်ပါတယ် ။ ဒါကလည်း မီဒီယာ Ethic တစ်ခု ဖြစ်ပါတယ်။

(၇) စကားပြေ အရေးအသားနဲ့ စကားပြောဟန် အရေးအသားကို သတိပြု ခွဲခြားတက်ရပါမယ်။

Social Media မှာ ရေးသားကြတဲ့စာများဟာ သတင်းစာများ ၊ ဂျာနယ်များ အတွက် ရေးတဲ့ စာများ မဟုတ်ပါ ။ ထို့ အတွက် ဖတ်ရင် စိတ်ဝင်စားမှု ရှိအောင် ဘယ်လိုနည်းနဲ့ ရေးမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဒါကတော့ ကိုယ်ဘယ်လို နဲ့ ဘယ်လိုင်းသွားတယ်ဆိုတာ အပေါ်မူတည်ပါတယ်။ Social Media ကို သုံးသူများဟာ ၅ မိနစ်ထက် ပိုတဲ့ တင်ပြချက်ကို ဖတ်ရှုဖို့ စိတ်ဝင်စားမှု နည်းကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘယ်လိုအရေးအသားက ငါးမိနစ်လောက်မှာ မိမိပေးချင်တဲ့ Message ကို ပေးမယ် ။ စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဆိုတာ သတိချပ်စရာပါ ။

(၈) ပြန်စစ်ပါ ၊ ပြန်ဖတ်ပါ

Article တစ်ခုကို ရေးပြီးသွားပြီး ဆိုရင် ပြန်စစ်ဖို့ ကတော့ မမေ့ သင့်ပါဘူး ။ မိမိပြန်ဖတ်ကြည့်ရင်း ကိုယ်သာ စာဖတ်သူဆိုရင် လို့  ခံစားပြီး ဖတ်ပေးပါ ။ ဒါမှ လိုတာတွေ ပိုတာတွေ တွေ့ မှာပါ ။စာလုံးအဖြတ်အတောက် မှန် မမှန်တွေ ၊ အထားအသို နဲ့  စင်းလုံးချောမချောကို ကြည့်ပါ။ ရေးထားတာတော့ ပြီးသွားပါပြီ မိမိပေးချင်တဲ့ အကြောင်းအရာ ပေါ်မပေါ်ကလည်း ပြန်ဖတ်ရင်း ဆန်းစစ်သွားပါ ။

(၈) ဖန်တီးမှု နဲ့ Article

တစ်ခါတလေ အသစ်အဆန်းလေးတွေ မပေးနိုင်တဲ့ တင်ပြပုံကို စာဖတ်သူများဟာ ငြီးငွေ့ တက်ကြပါတယ် ။ အထက်ပါ ဖော်ပြပါ အချက်များနဲ့ လည်း ကိုက်ညီင်္ပြီး လန်ပျံနေအောင် ရေးနိုင်ပေမဲ့ လူတွေဟာ အသစ်အဆန်းကို မှ ကြိုက်တာ ထုံးစံပါ ။ တခါတလေ ဖြစ်နိုင်ရင် စာဖတ်သူနဲ့ စာရေးသူ ဆွေးနွေနိုင်တဲ့ အစီအစဉ်လေး တွေ Feedback ပြန်ပေးနိုင်တဲ့ အစီအစဉ်လေးတွေ လုပ်သင့်ပါတယ် ။

ဘာလို့ လဲဆိုတော့ လူတွေ ဘာလိုနေတယ်ဆိုတာ သိပြီး အသစ်အဆန်းတွေ ဖန်တီးပေးနိုင် တဲ့ အချမ်းသာဆုံး Technical Company များဟာ Apple တို့  Facebook တို့ ဘာလို့ ဖြစ်နေရသလဲဆိုတာ သဘောပေါက်ရပါမယ်။ကျနော်တို့ ရှေ့ ဆက်ဘယ်လိုပုံလေးတွေ
ဖန်းတီးမယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် ရှာဖွေ၍ သော်လည်ကောင်း ၊ Survey ဆင်း၍ သော်လည်ကောင်း ၊ အဖွဲ့ လိုက် လေ့လာ၍ သော်လည်ကောင်း ဖန်တီးနေရင် ထိုအတွက် Burning Desire ဖြစ်နေရမည် ။

ဤတွင် Learning Social Media Trend @ Attractive Writing Skills တစ်ခန်းရပ်သည်။

Welcome To Zo: စိတ်ကူးပျော်ရာ: AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-...

Welcome To Zo: စိတ်ကူးပျော်ရာ: AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-...: စိတ်ကူးပျော်ရာ: AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တိ... : B - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း ...

စိတ်ကူးပျော်ရာ: AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တိ...

စိတ်ကူးပျော်ရာ: AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တိ...:


B - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း










သွေးအုပ်စု - O
၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။

ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။

အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။

အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။
ခြုံပြီးကြည့်ရင်တော့ ...

အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။
ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။

သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *


သွေးအုပ်စု - A
၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။
၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။
၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။
ထို့ထက်ပို၍ဆိုရလျှင် ...

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။

တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။
တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။
ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။

တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။
ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။

ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။
ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - B
၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
၂။ တရားမျှတမှုကို လိုလားသည်။
၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
၎။ အစားအသောက် ဇီဇာမကြောင်တတ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။
ထိုထက်ပို၍ဆိုရလျှင် ...

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။
ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။

ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။
ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။

ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့
သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့
အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။

မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။
လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။

သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။
* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

ခေတ်သစ် လူသား များ ဖြစ်တဲ့ - AB
၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။
ထိုထက်ပို၍ဆိုရလျှင် ...

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။
ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။
ခြုံပြီးကြည့်ရင်တော့ ...

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။

ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

 မူရင်း=  AB - သွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း


Welcome To Zo: အိုင်တီမုဆိုး: CCleaner Professional Edition v4.04...

Welcome To Zo: အိုင်တီမုဆိုး: CCleaner Professional Edition v4.04...: အိုင်တီမုဆိုး: CCleaner Professional Edition v4.04.4197 Full Vers... : CCleaner ကို Professional Edition လေးရလာလို့ တင်ပေးလိုက်ပါတယ် CClea...

အိုင်တီမုဆိုး: CCleaner Professional Edition v4.04.4197 Full Vers...

အိုင်တီမုဆိုး: CCleaner Professional Edition v4.04.4197 Full Vers...: CCleaner ကို Professional Edition လေးရလာလို့ တင်ပေးလိုက်ပါတယ် CCleaner ဆိုတာလည်း ကွန်ပျူတာ သုံးသူတိုင်းနီးပါး ရင်းနှီးပြီးသား ဆော့ဝဲတစ်ခ...

CCleaner Professional Edition v4.04.4197 Full Version

CCleaner ကို Professional Edition
လေးရလာလို့ တင်ပေးလိုက်ပါတယ်


CCleaner ဆိုတာလည်း ကွန်ပျူတာ
သုံးသူတိုင်းနီးပါး ရင်းနှီးပြီးသား
ဆော့ဝဲတစ်ခု ဖြစ်တာမို့ သိပ်အကျယ်တ၀င့်
ပြောနေစရာ လိုမယ်မထင်ပါဘူး







 အသုံးပြုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်


အရင်ဗားရှင်းအဟောင်းရှိထားပြီးသားဆိုရင် အဲဒီဗားရှင်းကို
Uninstall အရင်လုပ်ပေးရပါမယ်

ပြီးမှ အခုဗားရှင်းကို Install လုပ်ပါ

Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run ပဲ ပိတ်လိုက်ပါ

ပိတ်ပြီးပြီဆိုရင် Crack ဆိုတဲ့ဖိုဒါထဲက branding.dill ဆိုတဲ့ဖိုင်ကို ကော်ပီကူးယူပြီး
C >> Program files >> CCleaner ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ

အင်တာနက်ကွန်နက်ရှင်ကို ပိတ်လိုက်ပါ
ပြီးရင် ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းတဲ့ Box ကလေး ပွင့်လာပါမယ်

အဲဒီထဲမှာထည့်ပေးရမယ့် Name နဲ့ Serial ကိုတော့ Notepad ထဲမှာ ထည့်ပေးထားပါတယ်
အဲဒါလေးတွေ ထည့်ပြီး Register ဆိုတာကို နှိပ်ပေးလိုက်ရင် Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Welcome To Zo: အိုင်တီမုဆိုး: Advanced Archive Password Recovery ...

Welcome To Zo: အိုင်တီမုဆိုး: Advanced Archive Password Recovery ...: အိုင်တီမုဆိုး: Advanced Archive Password Recovery 4.53 Profession... : Advanced Archive Password Recovery ဆိုတဲ့ Password ခံထားတဲ့ ချုံ့ဖို...

အိုင်တီမုဆိုး: Advanced Archive Password Recovery 4.53 Profession...

အိုင်တီမုဆိုး: Advanced Archive Password Recovery 4.53 Profession...: Advanced Archive Password Recovery ဆိုတဲ့ Password ခံထားတဲ့ ချုံ့ဖိုင်တွေကို Password Crack ပေးတဲ့ ဆော့ဝဲ Pro Edition လေးရလာလို့ တင်ပေးလိ...

Advanced Archive Password Recovery 4.53 Professional

Advanced Archive Password Recovery ဆိုတဲ့
Password ခံထားတဲ့ ချုံ့ဖိုင်တွေကို Password Crack ပေးတဲ့ ဆော့ဝဲ Pro Edition လေးရလာလို့ တင်ပေးလိုက်ပါတယ်

Dear Visitor,
In this post, I've shared a program called "Advanced Archive Password Recovery Professional".
As you know, the program costs $99 for pro version if you order online.
This program can help you to crack password protected archive files such as RAR,ZIP,ACE, etc.



You can watch how to use the program in my tutorial video embed at the end of the post.


Click HERE to download the program included serial.

အွန်လိုင်းက ဒေါင်းလို့ရလာတဲ့ ဖိုင်တချို့မှာ Password ခံထားတာမျိုးတွေ
ကြုံလာတဲ့အခါ အချိန်ပေးပြီး ဒေါင်းယူထားရတာမို့ Password မရခဲ့ရင်
တော်တော်လေး စိတ်ညစ်စရာကောင်းပါတယ်
အဲဒီအခါ .. Password ခံထားတဲ့ ချုံဖိုင်တွေကို Delete လုပ်စရာမလိုပဲ
Password ရသည်အထိ စိတ်ရှည်ရှည် Crack နိုင်အောင် ကူညီပေးမယ့်
ဆော့ဝဲလေးပါ ..
အွန်လိုင်းမှာ လိုင်စင်နဲ့ ၀ယ်သုံးမယ်ဆိုရင် Pro Version ဆိုရင် 99 ဒေါ်လာ ပေးရတဲ့ ဆော့ဝဲလေးပါ

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

Install လုပ်နေရင်းနဲ့ပဲ Serial ထည့်ခိုင်းပါမယ် .. အဲဒီအခါ serial.txt ဆိုတဲ့ Notepad ထဲက Key ကိုကူးပြီး
ထည့်ပေးလိုက်တာနဲ့ Full Version ဖြစ်သွားပါပြီ ..
အသုံးပြုနည်းအသေးစိပ်ကိုတော့ အောက်က ဗွီဒီယိုဖိုင်လေးမှာ ကြည့်နိုင်ပါတယ်
တစ်ခုလေးပဲ ပြောထားချင်ပါတယ် ..
စိတ်ရှည်ပါလို့ ..
တချို့ဖိုင်တွေဆိုရင် အဖိုးတန်တဲ့ ဆော့ဝဲမျိုးဖြစ်နေရင် Crack လိုက် ရောက်နေရာကို Save ပြီးနားလိုက်နဲ့
ရက်ပေါင်းများစွာ Crack ရတာမျိုးတွေ ရှိပါတယ် ..
စိတ်ရှည်လက်ရှည်သာ Crack ပါ .. တစ်ကယ် ရပါတယ်လို့ အာမခံပါတယ် ..