Sunday, September 15, 2013

Welcome To Zo: အိုင်တီမုဆိုး: Resource Hacker

Welcome To Zo: အိုင်တီမုဆိုး: Resource Hacker: အိုင်တီမုဆိုး: Resource Hacker : Resource Hacker ဆိုတဲ့ ဆော့ဝဲလေးကို Facebook က သူငယ်ချင်းတစ်ယောက် တောင်းထားတာ တော်တော်လေးကြာပါပြီ အင်တာန...

အိုင်တီမုဆိုး: Resource Hacker

အိုင်တီမုဆိုး: Resource Hacker: Resource Hacker ဆိုတဲ့ ဆော့ဝဲလေးကို Facebook က သူငယ်ချင်းတစ်ယောက် တောင်းထားတာ တော်တော်လေးကြာပါပြီ အင်တာနက်ကွန်နက်ရှင်တွေ အရမ်းကျနေလို့ ...
Aug052013

Resource Hacker

Resource Hacker ဆိုတဲ့ ဆော့ဝဲလေးကို Facebook က သူငယ်ချင်းတစ်ယောက် တောင်းထားတာ
တော်တော်လေးကြာပါပြီ

အင်တာနက်ကွန်နက်ရှင်တွေ အရမ်းကျနေလို့ အခုမှ တင်ပေးဖြစ်တာပါ ...

Resource Hacker ဆိုတာ Programming Language လေ့လာနေတဲ့သူတွေ
Online အသုံးပြုနေသူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပဲဖြစ်ပါတယ်


ဘယ်နေရာမှာအသုံးပြုသလဲဆိုတော့ .. ကျွန်တော်တို့ဟာ ဖိုင်တစ်ချို့ရဲ့တည်ဆောက်ရေးသားထားတဲ့
Programming ကုဒ်တွေကို လေ့လာချင်တဲ့အခါမှာပဲဖြစ်ဖြစ် ...
Programming Language ကို အနည်းအကျဉ်းလောက် နားလည်ထားတယ်ဆိုရင်လည်း
ဖိုင်တစ်ဖိုင်ကိုရေးသားထားတဲ့ ကုဒ်တွေကို စစ်ဆေးနိုင်ပါတယ် ...

ကျွန်တော် အရင်က ဒီပို့စ် မှာ ရေးခဲ့သလိုပေါ့ ...

ဗိုင်းရပ်မှန်းသိလျှက်နဲ့ အဲဒီဗိုင်းရပ်ကို ဘယ်လိုမှ Scan လုပ်လို့ မရတော့တဲ့အခြေအနေမျိုးမှာ
အခုတင်ပေးထားတဲ့ Resource Hacker လေးကို အသုံးပြုပြီး အဲဒီဖိုင်ထဲမှာ Injection လုပ်ထားတဲ့
ဗိုင်းရပ်ကုဒ်ကို စစ်ဆေးရှာဖွေခဲ့ရတာကို ပြောခဲ့ဖူးပါတယ် ...

Resource Hacker ဆိုတာ တကယ်တော့ Freeware လေးတစ်ခုဖြစ်ပါတယ် ...

သူ့ရဲ့ Home Page ဖြစ်တဲ့ ဒီနေရာ ကို သွားပြီး နောက်ဆုံးဗားရှင်းကို Free ဒေါင်းယူလို့ရပါတယ် ..

အလုပ်ရှုပ်မခံချင်တဲ့ သူငယ်ချင်းတွေအတွက် လောလောဆယ်အထိ နောက်ဆုံးဗားရှင်းဖြစ်တဲ့
Resource Hacker 3.6.0.92 ကို ဒီနေရာ မှာ ပြန်တင်ပေးထားပါတယ် ...

ကိုယ်ကြိုက်တဲ့နေရာက ဆော့ဝဲကို ဒေါင်းယူပြီး Install လုပ်လိုက်ပါ ...
Install လုပ်ပြီးတာနဲ့ Contect Menu ထဲမှာ Sesource Hacker ပရိုဂရမ်လေး ၀င်သွားမှာဖြစ်ပါတယ်
ကိုယ်လေ့လာချင်တဲ့ ... စစ်ဆေးချင်တဲ့ ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Open using Resource Hacker ဆိုတာလေးကို ရွေးပေးလိုက်တာနဲ့ အဲဒီဖိုင်ရဲ့ သက်ဆိုင်ရာ Icon တွေ ရေးသားထားတဲ့ ကုဒ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ် ....






ဆန္ဒရှိရင် အဲဒီဖိုင်ရဲ့ Icon တွေ ကုဒ်တွေကို ပြောင်းပစ်လို့လည်း ရပါသေးတယ် ...

အဲ .. ချွင်းချက်အနေနဲ့ကတော့ ဆော့ဝဲ Developer အချို့ဟာ Resource Hacker ကို ကျော်နိုင်ဖို့အတွက်
အချို့သော အရေးကြီးကုဒ်တွေကို Archive လုပ်ဖို့ ကြိုးစားထားတတ်ပါတယ် ..

အဲဒီလိုမျိုးလုပ်ထားတဲ့ Coding ပိုင်းကို ဖွင့်ရင်တော့ ကုဒ်တွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး ...
ဒါပေမယ့် နံမည်ကြီးပြီး ဈေးကြီးတဲ့ ဆော့ဝဲအချို့မှာပဲ ဒီပြဿနာကို ကြုံရမှာ ဖြစ်ပါတယ် ...
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

No comments:

Post a Comment